MM Customers donation

MM 5 နှစ်ပြည့်တဲ့နေ့အတွက် အလှူပြုလုပ်ရန် စတင်စီစဉ်ခြင်း

Feb 2015 ကနေ အစပြုခဲ့တာ အခုဆို MM က ၅နှစ်တောင်ပြည့်ခဲ့ပြီး ..

ဒီနှစ်ထဲမှာ အပြောင်းအလဲတော်တော်များတယ်
မနှစ်က Feb တုန်းက ပစ္စည်းထားလို့ အဆင်မပြေလို့ နေရာသစ်ပြောင်းရတယ်

ဒီနှစ် ကျတော့ လည်း ပစ္စည်းတွေ့များလာလို့ နေရာသစ်ပြောင်းရတယ်
နေရာသစ်အတွက် nov ကတည်းက အခန်းရှာ .. Dec အခန်းပြင်ဆင်
Jan နေရာပြောင်း…

နေရာလည်းပြောင်းပြီး အားပါးတရ ရောင်းမယ်လို့ စိတ်က ကြံစည်ထားတာ..MM cu တွေ့ကိုလည်း နေရာသစ်လေးကို ပစ္စည်းအပြည့်ဖြည့်ပြီး ကြွားမယ်ပေါ့ (အဟီး ) ..၀န်ထမ်းတွေ့လည်း အသစ်ထပ်တိုးထားတယ် …

နေရာလည်းပြောင်း လူအင်အားလည်း တိုး၊ ကျွန်တော်တို့လည်း စရောင်းမယ်လုပ်ရော .. အမောင်ဝူဟန်က စလာရော .. ပစ္စည်းတွေ့ မှာလို့ ပြုလို့မရ..နဲ ပစ္စည်းတွေ့တောင် တဖြည်းဖြည်း လျှော့လာတယ် … ပုံရိုက်တင်ဖို့တောင် ပစ္စည်းမရှိလို့ စတိုခန်းကို မရိုက်ပြရသေးဘူး ..

ပစ္စည်းနည်းလို့ပဲလား မင်မင်တို့ပဲ ညံလို့လား မသိ ရောင်းအားက တဖြည်းဖြည်း ကျလာတယ် .. မင်မင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးဖြစ်သွားတယ် ဒီ Feb ၁လက .. မိတ်ဆွေ့တို့ကော ဘယ်လို့နေလဲ .. ဘာပဲပြောပြော ကိုယ်ထက်ဆိုးတဲ့လူတွေ့ရှိပါသေးတယ် ကိုယ်တွေ့ကမှ ရောင်းရရ မရရ . ပုံမှန်လစာရှိသေးတယ်လို့ဆိုဖြေသိမ့်ရသေးတယ် ဘောစိအတွက် စိတ်မကောင်းတာကတော့ သက်သက်ပေါ့နော်.

ကဲ အဲဒီမှာ ပြောချင်တာက အခုမှလာပြီး .. မင်မင်တို့အစက ဒီFeb က MM ၅နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ အလှူ ၁ခုခုလုပ်မယ်ပေါ့.. အရောင်းအ၀ယ်က ပါးတော့ ဘောစိကို မပြောရဲဘူး ပြီးတော့ ဒီလကနေရာပြောင်းကြောင့်ရယ် စုနေလိုက်တော့ ကုန်ကျစရိတ်က တက်လာတာရယ် ကြွေးဟောင်းပြန်ဆပ်ရတာရယ်ကြောင့် ဘောစိမှာ ကုန်ကျစရိတ် ကတော်တော်တက်နေတာ .. မ၀ံမရဲနဲ့ပြောတော့ ဘောစိက လုပ်လေတဲ့…

ဒီတော့ ၀မ်းသာအားရနဲ့ စစုံစမ်းတော့တာပေါ့. လောလောဆယ်တော့ ကိုယ်ရဲ့budget နဲ့ကိုက်ညီတဲ့ နေရာ ၂နေရာတွေ့တယ် တွံတေးနဲ့ ဒဂုံမြို့သစ်အရှေ့မှာ .. ၁ရက်လူလွှတ်ပြီး နေရာအနေအထား အမှန်တကယ် လိုအပ်မူ ရှိမရှိကို စုံစမ်းပြီးရင်တော့ ဘယ်နေရာကို ရွေးချယ်မလဲဆိုတာ ပြန်ပြောပေးပါမယ်.. ………မိတ်ဆွေတို့ရဲ့ငွေနဲ့ MM က လှူဒါန်းပေးရတာဆိုတော့ အမှန်တကယ်လိုအပ်တဲ့နေ၇ာလေးဖြစ်စေချင်တာတော့ အမှန်ပဲ ငွေပမာဏကတော့ မများပေမယ် .. နိုင်သလောက်လေးပေါ့ဗျာ..

အသေးစိတ်သိရရင်ပြန်ပြောပေးပါမယ်.. နောက်လလောက်ဖြစ်မယ်ထင်တယ် ..

Related posts

Leave a Comment

foodpanda

MMK 2,500 off

This will close in 10 seconds