Monthly Promotion

cheat on onlineshopping

အခုတလော page ကို ငွေလွဲပြီး ပစ္စည်းမပို့တဲ့ တခြားosတွေ့ နည်းနည်းများလာလို့ ကိုယ် cu တွေ့လာလာပြောကြလို့

ကျွန်တော် သိသလောက်

၁ ငွေလွဲပါက လိုအပ်တဲ့အချက်အလက် ၊

၂ page အမှန်ဟုတ်မဟုတ် စစ်နည်း

၃ အလိမ်ခံထိပါက လုပ်နိုင်သောအရာများ ကို မျှဝေပေးပါရစေ

ပစ္စည်းရငွေချေစနစ်က အကောင်းဆုံးပါ ဒါပေမယ် os အများကတော့ နယ်ဆို ငွေကြိုလွဲစနစ်ကို သုံးနေတုန်းပါ MM အပါအ၀င်ပါ ဘာလို့လဲဆိုတော့ နယ် cu အများစုက ပစ္စည်းရောက် ငွေချေစနစ်နဲ့ မှာယူပြီး ပစ္စည်းမယူကြတာရှိလို့ပါ

ငွေကြိုလွဲ စနစ် နဲ့မိတ်ဆွေက လွဲတော့မယ်ဆိုရင်

၁ page သက်တမ်းကို ကြည့်ပါ ဒါလည်း နောက်ပိုင်းမှာ မခိုင်မာတော့ပါဘူး ဘာလို့လဲဆိုတော့ လိမ်တယ်လို့ နာမည် ကြီးနေတဲ့ page ၁ခုဆိုရင် 2015 ကတည်းကပါ (ဒီမှာ ကျွန်တော် စဉ်းစားလို့မရတာက အလိမ်ခံ၇တဲ့ မိတ်ဆွေတွေ့က page ကိုဘာလို့ report မထုတာပါလိမ့်လို့ (အလုပ်ရှုပ်မခံချင်တာလား ဒါမှမဟုတ် မသိတာလား မပြောတတ်ပါ )

၂။ ငွေလက်ခံမယ်သူရဲ့ နာမည် ၊ မှတ်ပုံတင်နံပါတ် ၊bank acc တောင်းပါ အခုနောက်ပိုင်းကတော့ bank acc  or wave ပဲပေးကြတာများပါတယ် (လိမ်ခဲ့ပါက ဘဏ်ကို မိမိငွေလွဲထားတဲ့ slip ကိုပြပြိး တဖက်က ငွေလက်ခံသူရဲ့ နာမည် မှတ်ပုံတင်ကိုတောင်းခံနိုင်ပါတယ် ၊wave ကဆိုရင်တော့ follow upလိုက်ဖို့ ပိုခက်ခဲပါတယ် ) အဲဒီလို့မလုပ်ချင်ပါက တခါတည်း မှတ်ပုံတင်နဲ့ ငွေလွဲမယ်လို့ပြောပြီး မှတ်ပုံတင် နံပတ်တောင်းလိုက်ပါ  ။ လိမ်ခဲ့ပါက နာမည် မှတ်ပုံတင် ငွေလွဲထားတဲ့ slip နဲ့ နီးစပ်ရာ ရဲစခန်းတွင် တိုင်ကြားနိုင်ပါတယ် …

မိမိဘက်က ယုံကြည့်ပါက wave ကနေလွဲနိုင်ပါတယ် အမှန်တကယ် အလုပ်လုပ်တဲ့ os အများစုကတော့ မိမိတို့ရဲ့နာမည် ၊မှတ်ပုံတင်နံပါတ် ၊bank ac ကို ပေးကြတာများပါတယ် …

 

နောက်တချက်က နာမည်တူpage များရင်ဘယ်ဟာ အမှန်အမှားမခွဲခြားတတ်ခြင်း

Page တော်တော်များ နာမည် တူpage ဖွင့်ကြပါတယ် ကျွန်တော်တို့မှာဆို MM နာမည်နဲ့ ၃ခု ၊Hot နာမည်နဲ့ ၁ခု SmartDay နာမည်နဲ့ ၁ခုရှိပါတယ် .. ဘာလို့ဖွင့်ကြတာလဲဆိုတော့ boost လို့မရတာရယ် ရောင်းတဲ့ အမျိုးအစားမတူတာရယ်ကြောင့်ပါ ။… အဲဒီမှာ တချိုလူတွေ့က နာမည်တူ  Fake page ဖွင့်ပြီးလိမ်ကြပါတယ် အဲဒီအခါကျရင် ၁ အဲဒီ page မှာwebsite ရှိမရှိကိုကြည့်ပါ

၂ နဂိုမူလ pageက website ရှိပါက  website ထဲက official ph no ကိုပဲမှာကြားပါ

၂။နာမည်တူ page တွေ့မှာ Ph no ကို လိုက်စစ်ကြည့်ပါ . Fake page ကတော့ Ph no ပြောင်းထားတတ်တယ်.. စကားမစပ် (ကျွန်တော်ရဲ့ Smart Day (MMonlineshopping 6 မှာတော့ (အမျိုးသမီးအ၀တ်အစားရောင်းသည်အတွက် အမျိုးသမီး  admin ph no ပေးထားလို့ပါဗျာ.. ) ကျန် page 4ခုလုံးကတော့ Ph no တူပါတယ်

Website မရှိရင်တော့ ..နာမည်တူ page အများစုမှာရှိတဲ့ ph no ကိုစစ်ကြည့်ပါ ph no ၁လုံးတည်းကိုပဲ page တော်တော်များများက တင်ထားတယ်ဆိုရင်တော့ နည်းနည်းပိုစိတ်ချရမယ်ထင်ပါတယ် ..

နောက်တနည်းကတော့ မိမိ မိတ်ဆွေ ၀ယ်နေကျ os မှာပဲဝယ်ပေးပါ ။

ငွေလွဲပြီး ပစ္စည်းမပို့ခဲ့ပါက

၁။ မိမိဘော်ဒါတွေ့ကို မိမိလိမ်ခံခဲ့ရတော့ ssများကိုပေးပြီး သက်ဆိုင်ရာ page comment or review တွင် ၀င်ရောက် မန့်ခိုင်းပါ groupများတွင် share ခိုင်းပါ ။…

၂။ page ကို report ထုပါ

၃။ သက်ဆိုင်ရာရဲစခန်း တွင် အမူဖွင့်တိုင်ကြားနိုင်ပါတယ်

အထက်ပါအချက်အားလုံးက ကျွန်တော်သိသလောက်ကို မျှဝေပေးထားတာပါ လိုအပ်တာရှိပါက ထပ်မှန်ဖြည့်စွက်ပေးပါခင်ဗျာ မှားယွင်းပါက အမှန်ကိုထောက်ပြပေးပါခင်ဗျာ…

 

Related posts

Leave a Comment