Monthly Promotion

MM နှင့် preorder အမှတ်တရများ

ကျွန်တော် preorder ၂ကြိမ်လုပ်ဖူးတယ်
ပထမ၁ခါက သတ်မှတ်ရက်ထက် ၂ပတ်ကျော်အောင် နောက်ကျတယ် အဲဒီတုန်းကတော့ deposit မယူထားဘူး ဖုန်းဆက်ပြီးလှမ်းတောင်းပန်ပြီး ပစ္စည်းပို့လိုက်တယ်
 
ဒုတိယအကြိမ် လုပ်တယ်
အ၀တ်အစားလေးပါ ပုံပါအတိုင်းနဲ့ တလွဲဖြစ်လာလို့ ကျွန်တော် ဖုန်းဆက်တောင်းပန်ပြီး ပစ္စည်းတွေ့ကို ဒီအတိုင်း ချောင်ထဲ ထည့်ထားတာ သိပ်တောင်မကြာသေးဘူးး feb ကပဲ .. အိမ်မှာတောင်ရှိသေးတယ်အ၀တ်အစားတွေ့လာယူလို့ရတယ် အဲဒီကတည်းက လက်မခံတော့ တာ
တာဝန်ကြီးတယ်လို့ယူဆမိလို့ …
 
 
ပြီးတော့ နောက်တချက်က preorder , prepaidက
cu ဘက်ကနေကြည့်ရင်
 
 
၁အချက်က cu ကို deposit ငွပေးပြီး ၃ပတ်အတွင်းလို့ပြောပေးမယ် ရက်အတိအကျ မသိနိုင်တဲ့အတွက် သတ်မှတ်ရက်ထက်ပိုကြာသွားရင် အားနာလို့ပါ
 
နောက်၁ချက်က ငွေပေးပြီး အကြာကြီးစောင့်နေရတဲ့အတွက် os ဘက်ကကော လိမ်သွားမလာလို့ cu စိုး၇ိမ်နေမှာစိုးလို့ပါ ။။
 
၃အချက် မှာပြီးမှာ ပုံပါအတိုင်းမဟုတ်ရင် ၂ဦး၂ဖက် မျက်နှာပျက်ရမှာကို မလိုလားလို့ပါ …
 
 
os ဘက်က ပြန်ကြည့်ရင်လည်း
 
 
၁ အချက်က. preorder item က လူတဦးတယောက်အတွက် သီးသန့်မှာပေးရတဲ့ ပစ္စည်းဖြစ်ပြီး မှာယူပြီး အကြောင်း အမျိုးမျိုးကြောင်း မယူရင် ကျွန်တော်ဘက်မှာ လက်ကျန်ကြာတတ်လို့ပါ .. နောက်တခုကလည်း လူသုံးနည်းတဲ့ item လေးဖြစ်လို့ပါ .
၂အချက်က ကျွန်တော်ဘက်က မှာလိုက်ပေမယ် ကြာချိန် ၊ရောက်မယ်အချိန်၊ဈေးနူန်းကအစ ခန့်မှန်းပြောပေးရတာဖြစ်တဲ့အတွက် သတ်မှတ်ချိန်အတွင်း မရောက်လာခဲ့ရင် cu နဲ့ မျက်နှာပျက်စရာဖြစ်မှာစိုးလို့ပါ
 
ဈေးနူန်းကလည်း ဒီဘက်ရောက်မှာအတိအကျသိရတဲ့အတွက် မိမိ ခန့်မှန်းထားသော ဈေးအတိုင်း ကွက်တိကျရင်တော်သေး မတော်များသွားရင် တောင်းရမှာ အားနာလို့ပါ
 
အဆိုးဆုံးအချက်က သတ်မှတ်ရက်အတွင်းရောက်မလာရင် ငါကို လူလိမ်လို့တွေးနေပြီးလားအချက်ကို အကြောက်ဆုံးပါ ငွေပြန်လွဲပေးလို့ရပေမဲ့ cu ဘက်က ဒီပစ္စည်းနဲ့ပတ်သက်ပြီး စောင့်ရတဲ့အချိန် (အသုံးပြုဖို့ ရည်ရွယ်ချက်တွေ့ကိုတော့ ) ကျွန်တော်တို့ ပြန်လျှော်ပေးလို့မရပါ ..
 
အခုတခါတော့ ကျွန်တော်လက်ခံလိုက်ပါတယ် ကျွန်တော်ဖောက်သည်တယောက် os ဆီကနေ မှာပြီး ငွေအလိမ်ခံရလို့ ကျွန်တော်ကို ၀ယ်ခိုင်းတာပါ
 
 
depositကတော့ သူဘက်က ယုံယုံကြည့်ကြည့်နဲ့လွဲလိုက်ပြီး
ကျွန်တော်ဘက်ကပဲ ပစ္စည်းပေးဖို့ကျန်တော့တယ် …
 
 
Good Luck to MM
 
ပစ္စည်းလေး ၀င်ရင်ပြမယ်နော် preorder သူများ မှာထားတာကို
 
 
 
 
 

Related posts

Leave a Comment