Monthly Promotion

ကျွန်တော်ရဲ့ ယနေ့ feeling

တခါတလေ စိတ်ထဲမှာအရမ်းစိတ်ရှုပ်မိတယ် ဒီလုပ်ငန်းကို ဆက်လုပ်ရင်ကောင်းမလား ၊ရပ်တန့်ပြီး တခြားအလုပ်ကိုပြောရင်ကောင်းမလား….

ကျွန်တော်ရဲ့ စီးပွါးရေးမိတ်ဆွေတချို့ကတော့ ကျွန်တော်ကို အကြံပေးပါတယ် တခြားခိုင်မာတဲ့ စီးပွါးရေးလုပ်ငန်း ၁ခုကို အခြေချလုပ်ကိုင်ဖို့ ၃ယောက်မေးရင် ၃ယောက်စလုံးအဲလို့ပြောကြတယ် …

သူတို့ပြောတာလဲမမှားဘူး ဒီလုပ်ငန်းက အစကတော့ ဘုစ်လုပ်လို့ရတော့ အဆင်ပြေတယ် .. ဟောအခု ဘုစ်လုပ်လို့မရတော့ဘူး… မနေ့ကဆိုရင် mmonlineshopping ၀က်ခ်ဆိုဒ် ရေးထားတဲ့ ပိုစ် ၊ ဗီဒီယို အကုန်ဖျက်ခံထိတယ် …. ပြောရရင် လုပ်ပိုင်ခွင့်ရတဲ့ နယ်ပယ်က တဖြည်းဖြည်းကျဉ်းလာတယ်..

ကျွန်တော်instagram မှာလည်း စကြိုးစားကြည့်တယ် …ဒါပေမယ်mmonlineshopping ၀က်ခ်ဆိုဒ် ကိုရေးပြီး တယောက်ယောက်ကို msg ပို့လို့မရဘူး post တင်လို့မရဘူး …

အခက်အခဲ ကြုံတိုင်း ရပ်တန့်ရမလားဆိုတာကို အမြဲစဉ်းစားမိတယ်

အမှန်အတိုင်းပြောရရင် ဘုစ်လုပ်လို့မရတော့ရောင်းအားက၁၀က်လောက်ကျသွားတာတော့ အမှန်ပဲ

အခု website တောင်ပို့လို့မရဘူးဆိုတော့ ရှေ့ဆက် ဘာဆက်ဖြစ်လာမလဲဆိုတာမသိသေးဘူး

ကျွန်တော်ခိုင်ခိုင်မာမာ ယုံကြည်ထားတာကတော့ နောက် ၁၀နှစ် လောက်နေရင် ဒီပစ္စည်းတွေ့က အကုန်တရားဝင်ဖြစ်လာမယ် အဲဒီအချိန်အထိ တောင့်ခံထားနိုင်ဖို့ပဲလိုတယ် …

ဒါပေမယ် ဒီ ၁၀နှစ်ဆိုတဲ့ ကာလမတိုင်ခင်မှာ ကျွန်တော်တို့ တကယ်ပဲ တောင့်ခံနိုင်ပါမလား…

အကိုတယောက်ကတော့ ဥပမာပေးပါတယ် ပင်လယ်ထဲမှာ မျောနေတဲ့ ဆင်သေကောင်တကောင်ဆိုပါတော့ အဲဒီဆင်သေကောင်အသားကို ကျီးကန်းက စားတယ် ဆင်သေကောင်ကလည်း တဖြည်းဖြည်း ပင်လယ်ထဲကို မျောနေတယ် တဖြည်းဖြည်းနဲ့ကမ်းမမြင် လမ်းမမြင် .. အချိန်တခုကြာတဲ့အချိန်မှာ ဆင်သေကောင်အသားက စားပါများပြီး တဖြည်းဖြည်းနည်းလာတယ် .. ကိုယ်သာ ကျီးကန်ဆိုရင် ဒီဆင်သေကောင်အသားကိုပဲ ကုန်အောင်စားပြီးမှ တခြားရှာမလား ဒါမှမဟုတ် ဆင်သေကောင်ကို စောစောစီးစီး စွန့်ခွာပြီး..အစာသစ်ရှာမလား …

ကျွန်တော်တို့အဖြစ်က တကယ်ပဲ ဆင်သေကောင်ပေါ်နားနေတဲ့ ကျီးကန်းနဲ့တူနေပြီးလား…

ကျွန်တော်ယုံကြည်ချက်က မှားနေပြီးလား..

Related posts

Leave a Comment