MM Customers donation

ငွေလှရတနာ အဘိဓမ္မာပြန့်ပွါးရေး အလှူတော်

တချို့တွေ့ကတော့ ထင်ကြမယ် MM က တခါလှူတိုင်း တခါ တင်တယ် ငွေပမာဏလည်း အများကြီး မဟုတ်ပဲနဲ့….

ငါတို့ဆို ဘယ်နေရာမှာဘယ်လောက်လှူလှူ  ဒီလို့မဟုတ်ဘူးလို့ စိတ်ထဲမှာ ကြိတ်တွေးနေတဲ့ လူတွေ့လည်း ရှိကောင်းရှိမယ် အမှန်တော့ မဟုတ်ရပါဘူးးဗျာ..

MM တည်ရှိစဉ်ကာလတလျှောက် ကျွန်တော်တို့ ဘယ်လောက်အထိ လောကီလူသားတွေ့ကို ကူညီပေးနိုင်ခဲ့သလဲ … လောကုတ္တရာအကျိုးအတွက်ကော ဘယ်ရွှေဘယ်မျှ ဆောင်ရွက်ပေးနိုင်ခဲ့သလဲဆိုတာကို ကိုယ်ဘာသာကိုယ် မှတ်တိုင်လေးတွေ့ စိုက်ထားပေးသည် သဘောဖြစ်ပါသည်။

တကယ်တော့ MM ကလှူတယ်ဆိုတာMM customers တွေ့ရဲ့ဝယ်ယူငွေထဲက တချို့ကို လိုအပ်သောနေရာတွေ့မှာ အုတ်တချပ် ၊သဲတပွင့်အနေနဲ့ တတ်နိုင်သလောက် ကိုယ်စား လှူဒါန်းပေးခြင်းဖြစ်တာပါ … ကျွန်တော်တို့တွေ့ကတော့ ဝေယျာဝစ္စ ကုသိုလ်ရပါတယ် …

အခုဒီတခါလည်း  MM customers တွေ့ကိုယ်စား ကျွန်တော်တို့ တွေ့က ငွေလှရတနာ အဘိဓမမ္မာ ပြန့်ပွါးရေးတွင် လှူဒါန်းပေးပါမယ်ခင်ဗျာ …

ဘာကြောင့် လှူဒါန်းရတာလဲဆိုတော့ မြတ်စွာဘုရား၏ တရားတော်သည် သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာကို အများဆုံး ဆောင်ကျဉ်းပေးနိုင်ခြင်းဖြစ်သောကြောင့် တရားဟောပြော ပို့ချပေးခြင်းသည်အလွန်ကြီးကျယ်သည့် ကောင်းမူလုပ်ငန်းဖြစ်ပါတယ် ..

ထိုဓမ္မဒေသနာ မရှိလျှင်သာသနာခေါ် (ဘုရား အဆုံးအမ) ကွယ်ပျောက်နိုင်သောကြောင့် ဗုဒ္ဒဘာသာဝင် တဦးအနေနဲ့ သာသာနာတော် ပိုမို ပြန့်ပွားနိုင်အောင် ရည်ရွယ်၍ လှူဒါန်းပေးခြင်းဖြစ်ပါတယ်

မိတ်ဆွေတို့အနေနဲ့ အောက်ပါ ကောင်းမူ ကုသိုလ်များကို ရရှိမည်ဖြစ်ပါသည်

ဒါန (စွန့်ကြဲ ပေးကမ်း လှူဒါန်းမူ )

ပတ္တာ နမောဒါ (မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက် ၀မ်းသာစွာ သာဓု ခေါ်ဆိုမူ )

ပတ္တဒါန (မိမိ ရရှိသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေမူ ) ပြန်လည် သာဓု ခေါ်ဆိုခြင်းဖြင့်လည်း ပတ္တ ဒါနကို ရရှိနိုင်ပါတယ်ခင်ဗျာ

 

အခုလို့ပါဝင်လှူဒါန်းကြတဲ့ MM ဈေးဝယ်သူများအနေနဲ့လည်း မိမိတို့ရဲ့ ဓမ္မဒါန အလှူကို ၀မ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ဆိုနိုင်ပါတယ်

ထို့သို့ ဝေယျာဝစ္စကုသိုလ်ရရှိသော MM အသင်းသားတွေ့လည်း ရှေ့ရောက် မိမိကို လိုအပ်၍ ရောက်ရှိလာသော မိတ်ဆွေအပေါင်းရဲ့ အပြစ်ကင်းသော ကိစ္စကြီးငယ်တို့ကို ကူညီဆောင်ရွှက်ပေးနိုင်သော လူဖြစ်ပြီး .. အများအကျိုး ၊ သာသနာအကျိုးကို ဒီထက်ပို သမ်းပိုးနိုင်သော အဖွဲ့အစည်းတခုဖြစ်ရပါလို့သည်ဘုရား

လှူဒါန်းသူအလှူရှင်များအနေနဲ့လည်း

ဒါနကုသိုလ်အကျိုးတရား (၅) ပါး

၁အသက်ရှည်ခြင်း

၂အဆင်းလှခြင်း

၃ ကိုယ်၏ချမ်းသာခြင်း ၊စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံခြင်း

၎မိမိကို ကူညီမည့် အခြံအရံ ပရိသတ်များ ပေါများခြင်း

၅ အရာရာမှာ အစိုးရခြင်းဟူသော အကျိုးတရား ၅ပါးရရှိစေနိုင်ပါတယ်

ထိုအပြင် တရားအလှူ လှူဒါန်းခြင်းသည် ဓမ္မဒါနမြောက်ပါတယ်

ဓမ္မ ဒေသနာ ကုသိုလ်အကျိုးကျေးဇူးများ

ပစ္စပ္ပန် အကျိုးအဖြစ်

မိမိကိုယ်တိုင် သံဝေဂဥာဏ် အထွတ်အထိပ် ရောက်လာနိုင်၍ တရားထူး ၊တရားမြတ်ရရှိနိုင်သည် ။

သံသရာ အကျိုးအဖြစ်

မိမိ၏ ဓမ္မဒေသနာ ကုသိုလ်ကြောင့် ဒါန၊သီလ၊ ဘာဝနာ ကုသိုလ်ပြုသူများ ရရှိသော ဒါန အကျိုး ၊ သီလအကျိုး ၊ ဘာဝနာ အကျိုးတရား များအားလုံး မိမိမှာရရှိနိုင်ပါတယ် …

MM 4 နှစ်ပြည့်အလှူကတော့ အက်မင်များ ယခုထက်ထိ လှူဒါန်းရမည်ကျောင်းးကို ရွေးချယ်စိစစ်နေဆဲ ကာလဖြစ်သောကြောင့် နောက်လလောက် ၁၀ရက် ၀န်းကျင်လို့ ခေတ္တသတ်မှတ်ထားပါတယ် ဒီနေ့ survey အနေနဲ့ လှူဒါန်းရမည်ကျောင်းကို သွားကြည့်နေပါတယ်ခင်ဗျာ အသေးစိတ်ကို  post တင်ကြေညာပေးပါမယ်ခင်ဗျာ

 

 

 

Related posts

Leave a Comment